by kochin | 10:20 AM in |







ကိုယ် မညာတော့ဘူး
ဆို-N ကိုင်ရာ ရေး - R ခိုင်

အရှိကိုအရှိတိုင်းသာဖွင့်ပြောမည်
မြင်မြင်ချင်းမင်းကိုချစ်သွားသည်
ပိုင်ဆိုင်တဲ့အသည်းကို အရှုံးပေးခဲ့ရ
ဒါအချစ်ပဲလား စိတ်မှာမောသည်

နားလည်မှုတံခါးတွေဖွင့်ထားသည်
အကြင်နာစကားလေးတွေမျက်ဝန်းဆီ
ပိုင်ရှင်မဲ့အချစ်ကို ပေးအပ်ခဲ့ပြီ
ကိုယ် မညာတော့ဘူးမင်းကိုချစ်သည်

မင်း ပြုံးလိုက်ရင်လည်း
အိပ်မက်တွေအထိပဲလိုက်နှောင့်ယှက်သည်
အိပ်မက်ထဲမှာလို ဘယ်အချိန်ပဲကြည့်ကြည့်
ပြန်တွေးတိုင်းရင်ခုန်လာသည်

ချစ်သူလေးရှိရာ ဟို အဝေးဆီ
လာရာလမ်းလေးကို မျှော်တတ်ပြီ
ပိုင်ဆိုင်ခွင့်ဘ၀ကိုပေးအပ်ခဲ့ပြီ
ကိုယ် မညာတော့ဘူးမင်းကိုချစ်သည်

0 comments: