by kochin | 10:32 AM in | comments (0)
အတူသွား အတူစားကာ ပျော်ပါးခဲ့ဖူးတာ
ပြန်တွေးလိုက်တိုင်း မင်းနားနား ရောက်လာ
သူစိမ်းတွေ ကြားမှာ လှုပ်ရှားရင်းနဲ့သာ
တို့ နှစ်ဦးရည်မှန်းတာ ကိုယ် မျှော်လင့်ဆဲပါ
ရေမြေခြား သွားရတော့ မင်းလေးကို ထားခဲ့ရပြီပေါ့
မျက်ကွယ်ရာမှာ ကိုယ် စိတ်ချပါရစေ
ဒါပေမယ့် ကိုယ်အတွက်တော့ ယုံကြည်ပြီး စောင့်နေပါနော်
လွမ်းရက်တွေကို တဖြည်းဖြည်း ဖြတ်ကျော်မှာ
ကိုယ် ... ဟိုးအဝေးမှာ နေတဲ့အခါ မျက်ဝန်းတွေထဲ မင်းပဲမြင်
ပြန်ဆုံနိုင်မယ့် နေ့ရက်လေးတွေ မရောက်သေးခင်
ဤ မှန်ကန်သော ကိုယ်ရဲ့ သစ္စာတွေကြောင့် ဆုတောင်းပြည့်ခဲ့ရင်
အချစ်ဆုံးသာ ကိုယ့်အနား ရှိစေချင်
၁၀ စက္ကန့် (Volume - 1) ထဲက Rဇာနည် ဆိုထားတဲ့ သီချင်းလေးပါ။ သီချင်းစာသားတွေ ရေလည် လန်းတယ်နော်။ သီချင်းနားထောင်ပြီး စိတ်ထဲမှာရော ရင်ထဲမှာရော မျိုးစုံ ကြိုးခုန်နေတယ်။ လွမ်းလွန်းလို့ :P
Download : Ko.ANarShiSayChin
Lyric Via : PhoeWa
Download : Ko.ANarShiSayChin
Lyric Via : PhoeWa
by kochin | 10:20 AM in | comments (0)
ကိုယ် မညာတော့ဘူး
ဆို-N ကိုင်ရာ ရေး - R ခိုင်
အရှိကိုအရှိတိုင်းသာဖွင့်ပြောမည်
မြင်မြင်ချင်းမင်းကိုချစ်သွားသည်
ပိုင်ဆိုင်တဲ့အသည်းကို အရှုံးပေးခဲ့ရ
ဒါအချစ်ပဲလား စိတ်မှာမောသည်
နားလည်မှုတံခါးတွေဖွင့်ထားသည်
အကြင်နာစကားလေးတွေမျက်ဝန်းဆီ
ပိုင်ရှင်မဲ့အချစ်ကို ပေးအပ်ခဲ့ပြီ
ကိုယ် မညာတော့ဘူးမင်းကိုချစ်သည်
မင်း ပြုံးလိုက်ရင်လည်း
အိပ်မက်တွေအထိပဲလိုက်နှောင့်ယှက်သည်
အိပ်မက်ထဲမှာလို ဘယ်အချိန်ပဲကြည့်ကြည့်
ပြန်တွေးတိုင်းရင်ခုန်လာသည်
ချစ်သူလေးရှိရာ ဟို အဝေးဆီ
လာရာလမ်းလေးကို မျှော်တတ်ပြီ
ပိုင်ဆိုင်ခွင့်ဘ၀ကိုပေးအပ်ခဲ့ပြီ
ကိုယ် မညာတော့ဘူးမင်းကိုချစ်သည်
Subscribe to:
Posts (Atom)